Terms & Conditions

PRO 1 Global Online Sale website ကို အသုံးမပြုခင် သက်မှတ်ထားသော စည်းမျဉ်းများနှင့် မူဝါဒများကို သေချာစွာဖတ်ရပါမည်။ PRO 1 Global Online Sale website ကို PRO 1 Global Company Limited မှ ပိုင်ဆိုင်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်မူဝါဒများအတိုင်း စီမံခန့်ခွဲမည်ဖြစ်သောကြောင့် လူကြီးမင်းတို့ မှ ကျွန်ုပ်တို့ website ပေါ်တွင် ပစ္စည်းဝယ်ယူမှုကိစ္စရပ်များ အပါအဝင်အခြား ဆက်စပ်နေသော website အသုံးပြုမှု ကိစ္စရပ်များကို ကျွန်ုပ်တို့မှသတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် မူဝါဒများအတိုင်း လိုက်နာစေရန် ထိန်းချုပ်သွားမည်ကို အသုံးပြုသူအနေဖြင့် နားလည်သဘောပေါက်ပါသည်။

၁။  မိတ်ဆက်ခြင်း

PRO 1 Global Online Sale website ကို အသုံးမပြုခင် သက်မှတ်ထားသော စည်းမျဉ်းများနှင့် မူဝါဒများကို သေချာစွာဖတ်ရပါမည်။ PRO 1 Global Online Sale website ကို PRO 1 Global Company Limited မှ ပိုင်ဆိုင်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်မူဝါဒများအတိုင်း စီမံခန့်ခွဲမည်ဖြစ်သောကြောင့် လူကြီးမင်းတို့ မှ ကျွန်ုပ်တို့ website ပေါ်တွင် ပစ္စည်းဝယ်ယူမှုကိစ္စရပ်များ အပါအဝင်အခြား ဆက်စပ်နေသော website အသုံးပြုမှု ကိစ္စရပ်များကို ကျွန်ုပ်တို့မှသတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် မူဝါဒများအတိုင်း လိုက်နာစေရန် ထိန်းချုပ်သွားမည်ကို အသုံးပြုသူအနေဖြင့် နားလည်သဘောပေါက်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့၏ website ကို ဝင်ရောက်အသုံးပြုခြင်းသည် ကျွန်ုပ်တို့ချမှတ်ထားသည့် စည်းမျဉ်းနှင့် မူဝါဒများကို သ‌ဘောတူလက်ခံသည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။

PRO 1 Global Online Sale အနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်မူဝါဒတို့ကို အချိန်မရွေး ကြိုတင် သတိပေးခြင်း မရှိစေဘဲ ပြောင်းလဲမှုပြုလုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဖြည့်စွက်ခြင်းနှင့် ဖယ်ရှားမှု ပြုလုပ်ခြင်း အပေါ် ကြိုတင်အကြောင်းကြားခြင်း မပြုဘဲ လိုအပ်သလို စီစဉ်ပြောင်းလဲ လုပ်ပိုင်ခွင့် ရှိသည်။ ပြင်ဆင် ပြောင်းလဲ မှု့များကို ကြိုတင်အသိပေးခြင်းမရှိပဲ ကျွန်ုပ်တို့၏ဝက်ဆိုဒ် စတင်ချိန်မှစတင်၍ သက်ရောက်မည် ဖြစ်သည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့် ပြောင်းလဲလိုက်သည့် စည်းမျဉ်းများနှင့် မူဝါဒ အသစ်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် ပုံမှန်စောင့်ကြည့်ပေးရန် လိုအပ်ပါသည်။

၂။ အသုံးပြုမှုသက်မှတ်ချက်များ

သင်၏ကိုယ်ပိုင်အကောင့်

(က) ကျွန်ုပ်တို့၏ ဝက်ဆိုဒ်တွင် စျေးဝယ်မှုမပြုလုပ်ခင် လူကြီးမင်းတို့အနေဖြင့် ပထမဦးစွာ အကောင့် တစ်ခုပြုလုပ်ရန် လိုအပ်ပါသည်။ အကောင့်ပြုလုပ်ရာ၌ လူကြီးမင်းတို့ဘက်မှ မိမိနှင့်သက်ဆိုင်သည့် ကိုယ်ရေးအချက်အလက်များကို မှန်ကန်ပြည့်စုံအောင် ဖြည့်စွက်ပေးဖို့ လိုအပ်ပါသည်။

(ခ) ပစ္စည်းအော်ဒါ မှာရန် အတွက် အကောင့်သစ် ပြုလုပ်သည့်အခါ လူကြီးမင်းတို့အနေဖြင့် စကားဝှက်တစ်ခု ဖန်တီးရန် လိုအပ်ပါသည်။ လူကြီးမင်းတို့အနေဖြင့် မိမိ ပြုလုပ်ထားသော စကားဝှက်ကို လျှို့ဝှက်သိမ်းဆည်းရန်နှင့် လူကြီးမင်းတို့ကိုယ်တိုင် ဖြည့်စွက်ထားသော မိမိ၏ကိုယ်ရေးအချက်အလက်များ အပါအဝင် အခြားဆက်စပ်နေသော အကောင့်ရှိအချက်အလက်များအား ထိန်းသိမ်းထားရန် တာ၀န်ရှိပါ သည်။ အကယ်၍ လူကြီးမင်းတို့၏ အကောင့်စကားဝှက်သည် တစ်စုံတစ်ယောက်ယောက်ထံသို့ လူကြီးမင်း တို့၏ ခွင့်ပြုချက်မပါရှိပဲ ပေါက်ကြားခဲ့သည်ဟုယူဆခဲ့ပါက ကျွန်ုပ်တို့ထံ အမြန်ဆုံး အကြောင်း ကြားပေးရန် လိုအပ်ပါသည်။

(ဂ) ကျွန်ုပ်တို့၏ ဝက်ဆိုဒ် တွင် စာရင်းသွင်းခြင်းပြုလုပ်ပြီးနောက် လူကြီးမင်းတို့အနေဖြင့် PRO 1 Global online Sale မှပေးပို့မည့် ကြော်ငြာများနှင့် ၀က်ဆိုဒ်နှင့် သက်ဆိုင်သည့် ပြောင်းလဲမှု့ ကြေငြာချက် များအား လက်ခံရရှိရန် သဘောတူခွင့်ပြုသည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။

(ဃ) ကျွန်ုပ်တို့သည် ဝက်ဆိုဒ် အကြောင်းအရာများအား ဖယ်ရှားခြင်း၊ အကောင့်များအား ရပ်တန့်ခြင်း၊ ဖယ်ရှားခြင်း (သို့မဟုတ်) ပြင်ဆင်မွန်းမံခြင်းတို့အပေါ် ကြိုတင်အသိပေးချက်မရှိပဲ လုပ်ပိုင်ခွင့် ရှိပါသည်။ လူကြီးမင်းအနေဖြင့် ကျွန်ုပ်တို့အဖွဲ့အစည်းမှ အကြောင်းတစ်စုံတစ်ရာကြောင့် ၀က်ဆိုဒ်ပေါ်ရှိ လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များအား ပြင်ဆင်ပြောင်းလဲမှု့များပြုလုပ်ရန် လိုအပ်ခဲ့ပါက ကျွန်ုပ်တို့နှင့်အတူ လူကြီးမင်း ဘက်မှ ပူးပေါင်းပါဝင်ပေးရန် သဘောတူလက်ခံပါသည်။ ဒါ့အပြင် လူကြီးမင်းတို့၏ရွေးချယ်မှုကြောင့်ဖြစ်စေ၊ ကျွန်ုပ်တို့နှင့်မသက်ဆိုင်သည့် အကြောင်းတစ်စုံတစ်ရာ ကြောင့်ဖြစ်စေ လူကြီးမင်း၏အကောင့်တွင် အမှားအယွင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကျွန်ုပ်တို့အဖွဲ့ အစည်းအနေဖြင့် သက်ဆိုင်ရာဥပဒေအရ သုံးစွဲသူအကောင့်အား ချက်ချင်းဖယ်ရှားပိုင်ခွင့်ရှိသည့်အပြင် ထိုဖြစ်ပေါ်လာသည့် အမှားအယွင်းများသည့် ကျွန်ုပ်တို့နှင့် မသက်ဆိုင်သည်ကို လူကြီးမင်းတို့အနေဖြင့် နားလည်လက်ခံပါသည်။

၃။ PRO 1 Global Online Sale အသုံးပြုမှုဆိုင်ရာ အကြောင်းအရာများ

ကျွန်ုပ်တို့၏ ဝက်ဆိုဒ် သုံးစွဲရာတွင် မှားယွင်းချက်များ ကင်းရှင်းပါသည်ဟု အာမခံမခံပါ။

သို့ဖြစ်ပါ၍ သုံးစွဲသူတို့အနေဖြင့် အသုံးပြုနေစဉ် မှားယွင်းချက်တစ်ခုခုအား တွေ့ကြုံခဲ့ပါက ကျွန်ုပ်တို့ PRO 1 Global Online Sale ၏ Customer Service ကောင်တာမှတစ်ဆင့်ဖြစ်စေ၊ PRO 1 Global ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့်ဖြစ်စေ၊ PRO 1 Global ၏ Hotline ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြား ပေးနိုင်ပါသည်။

ဝက်ဆိုဒ် ပြုပြင်မွမ်းမံနေစဉ် လူကြီးမင်းတို့ ၀င်ရောက်အသုံးပြုသည့်အခါ တစ်ခါတစ်ရံတွင် လုပ်ဆောင်မှု များသည် ၀င်‌ရောက်၍ မရခြင်း၊ ယာယီရပ်တန့်ခြင်း (သို့မဟုတ်) ကြန့်ကြာခြင်းများ ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ အခြေအနေများ ပေါ်ပေါက်နိုင်မည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့အား ကြိုတင် အကြောင်းကြား ပေး နိုင်ရန် ဦးစားပေး ဆောင်ရွက်သွားမည်။

ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့၏ အင်တာနက်အမြန်နှုန်းဆက်သွယ်မှုနှင့် မိုဘိုင်းဖုန်းကိရိယာကြောင့် ဖြစ်ပေါ် တတ်သော အမှားအယွင်းများကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

၄။ မိမိကိုယ်ရေးကိုယ်တာအချက်အလက်နှင့် တာဝန်ခံမှု ဆိုင်ရာများ

ဤဝက်ဆိုဒ်သည် ကွန်ပြူတာနည်းစနစ်ဖြင့် စီမံတည်ဆောက်ထား သောကြောင့် ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေးထိုးခြင်း (သို့မဟုတ်) ဒီဂျစ်တယ်နည်းပညာဖြင့်လက်မှတ်ရေးထိုးခြင်း လုပ်ဆောင်ချက်တို့ လိုအပ်မည် မဟုတ်ပါ။

လူကြီးမင်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာများကို ကြီးကြပ်ကွပ်ကဲပိုင်ခွင့်ရှိသည်။ လူကြီးမင်းတို့ ဖြည့်စွက်စာရင်းသွင်းထားသည့် အကောင့်ရှိ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် အခြားသော ဆက်စပ်အကြောင်းအရာများကို လုံခြုံစိတ်ချစွာ ကာကွယ်ထိန်းသိမ်းထားမည်ဖြစ်ပြီး ကျွန်ုပ်တို့ အနေဖြင့် သုံးစွဲသူတို့အတွက် ပိုမိုအဆင်ပြေရေးကိစ္စရပ်များအတွက်သာလျှင် အကျိုးရှိရှိ အသုံးချသွားမည် ဖြစ်ပါသည်။ ဒါ့အပြင် ကျွန်ုပ်တို့၏ ဝက်ဆိုဒ် ဆက်လက်ဝင်ရောက်အသုံးပြုမှုသည် သတ်မှတ်ထားသည့် စည်းမျဥ်းများနှင့် အခြေအနေအရပ်ရပ်တို့ကို လူကြီးမင်းတို့ဘက်မှ သဘောတူညီ လက်ခံသည်ဟု ယူဆသည်။ ထို့ကြောင့် လူကြီးမင်းတို့အနေဖြင့် ထိုစည်းမျဉ်းများနှင့်မူဝါဒများကို အတိအလင်း နားလည် သဘောပေါက်စေရန် သေချာစွာ ဖတ်ပေးဖို့လိုအပ်သည်။

လူကြီးမင်းတို့အနေဖြင့် သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်မူဝါဒများကို သဘောတူညီချက် မပေးနိုင်ပါက ကျွန်ုပ်တို့၏ ဝက်ဆိုဒ် အားအသုံးမပြုသင့်ပါ။

၅။  ကန့်သက်ချက်နှင့် မူပိုင်ခွင့်

ကျွန်ုပ်တို့၏ ဝက်ဆိုဒ်တွင်ဖော်ပြပါဝင်သော စာသားများ၊ ဝက်ဆိုဒ် နှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ အချက်အလက်များ၊ ဓာတ်ပုံများ၊ ရုပ်ပုံဇယားများ၊ သရုပ်ဖော်ပုံများနှင့် ပုံနှိပ်ရေး ဆွဲထားသော ရုပ်ဝတ္တုအချက်အလက်များ၊ နာမည်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်များနှင့် ကုန်ပစ္စည်း အမှတ်တံဆိပ်များတို့သည် မူပိုင်ခွင့်ဥပဒေများဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဥပဒေများဖြင့်သော် လည်းကောင်း နိုင်ငံတကာနှင့်ပတ်သတ်သော သဘောတူညီချက်စာချုပ်များဖြင့် အစရှိသော ဥပဒေ နည်းလမ်းများဖြင့် ကာကွယ်ထိန်းချုပ်ထားသည်။

ဤလုပ်ငန်းဆောင်ရာ အချက်လက်များ၊ ကိုယ်ပိုင်အမှတ်တံဆိပ်များ၊ ပုံနှိပ်ရေးဆွဲထားသော ရုပ်ဝတ္တု အချက်အလက်များ၊ အသံဆိုင်ရာ (သို့မဟုတ်) ရုပ်ပုံဆိုင်ရာ အချက်အလက်များစသည်တို့ကို တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုလုံးအား ကူးယူခြင်း၊ မူပွားခြင်း၊ ထပ်ဆင့်ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ထုတ်ဝေခြင်းနှင့် ရုပ်သံထုတ်လွှင့်ခြင်း အစရှိသည့် လုပ်ဆောင်ချက်တို့ကို ကျွန်ုပ်တို့ ၏ တရားဝင်ခွင့်ပြုချက်မပါရှိပဲ လုပ်ဆောင်ခွင့်မရှိပါ။

(က) ပြန်လည်အပ်နှံနိုင်သော ကုန်ပစ္စည်းများ

  • ပျက်စီးချို့ယွင်းနေသော ပစ္စည်းများ
  • မှာယူသည့်အော်ဒါပစ္စည်းနှင့်  မကိုက်ညီခြင်း  (ဥပမာ-  အရွယ်အစား၊  အရောင် မတူညီခြင်း)
  • အသုံးပြု၍မရသော  ကုန်ပစ္စည်းများ
  • ကုန်ပစ္စည်းဖော်ပြချက်များ  နှင့်  ကိုက်ညီမှုမရှိသော  ကုန်ပစ္စည်းများ

ကျွန်ုပ်တို့၏ ပြန်လည်အပ်နှံခြင်း စည်းမျဥ်းစည်းကမ်းများသည် လူကြီးမင်းတို့ စိတ်ဆန္ဒအလျောက် ဖြစ်ပေါ်လာသော ကုန်ပစ္စည်းအား မလိုချင်မှု၊ မလိုအပ်မှုများနှင့် သက်ဆိုင်မှု့မရှိပါ။ ဒါ့အပြင် ကျွန်ုပ်တို့ ပစ္စည်းပို့ဆောင်ပြီးနောက် လူကြီးမင်းအနေဖြင့် ပြန်လည်အပ်နှံလိုသည့် ကုန်ပစ္စည်း၏ အခြေအနေသည် ချို့ယွင်းချက်များ ပါရှိပါက ကျွန်ုပ်တို့ဘက်မှ ကုန်ပစ္စည်းပြန်လည်အပ်နှံခြင်းကိုပယ်ချခွင့် ရှိသည်။ အကယ်၍ ကုန်ပစ္စည်းပြန်လည်အပ်နှံရခြင်း အကြောင်းပြချက် ကျိုးကြောင်းညီညွတ်ပါက ကျွန်ုပ်တို့ဘက်မှ ထိုပစ္စည်းအား အမျိုးအစားတူညီသော ကုန်ပစ္စည်းဖြင့် ပြန်လည်အစားထိုးလဲလှယ်ပေးခြင်း (သို့မဟုတ်) ထိုပစ္စည်းတန်ဖိုးနှင့် ညီမျှသော ငွေပမာဏအား ပြန်လည်ပေးအပ်ခြင်းကို ပြုလုပ်ပေးမည်။

(ခ) ကုန်ပစ္စည်း ပြန်လည်အပ်နှံပေးပို့မှုနည်းလမ်း

ကုန်ပစ္စည်းအားပြန်လည်အပ်နှံသည့်အခါ ဝယ်ယူထားသည့်ပစ္စည်းနှင့် ထိုပစ္စည်းနှင့်သက်ဆိုင်သော လက်ခံရရှိ ကြောင်း ပြေစာ တို့ ကို ဓာတ်ပုံရိုက်၍ ကျွန်ုပ်တို့ Online Sale Customer Service Viber ဖုန်းနံပတ် (+95 9 777048315,+95 9 777048316) သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

၆။ ဆက်သွယ်ရေးလမ်းကြောင်းနည်းလမ်း

ကျွန်ုပ်တို့ဝက်ဆိုဒ်သည် အင်တာနက်အသုံးပြု၍ အွန်လိုင်းမှစျေးဝယ်ခြင်း နှင့် ငွေပေးချေမှုဆိုင်ရာ လုပ်ဆောင်ချက်များကို အချိန် နေရာဒေသမရွေးပြုလုပ်နိုင်သော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်ပါသည်။

၇။ ထုတ်ကုန်ပစ္စည်းများ ရရှိနိုင်မှု

အကယ်၍ လူကြီးမင်းတို့ အော်ဒါမှာယူလိုက်သော ကုန်ပစ္စည်းသည် ယာယီပစ္စည်း ပြတ်နေပါက လူကြီးမင်းတို့အား ကြိုတင်အသိပေးသွားမည်ဖြစ်ပြီး ထိုမရရှိလိုက်သော ပစ္စည်းတန်ဖိုး၏ ကျသင့်ငွေ ပမာဏကိုလည်း လူကြီးမင်း၏ စုစုပေါင်းကျသင့်ငွေတန်ဖိုးထဲ၌ ထည့်သွင်းခြင်းမပြုပဲ ပယ်ဖျက်ပေး သွားမည်။

ကျွန်ုပ်တို့ဝဘ်ဆိုဒ်၏တာ၀န်ရှိ၀န်ထမ်းမှ ထိုယာယီပြတ်နေသောကုန်ပစ္စည်းကိုလည်း လူကြီးမင်းတို့အော်ဒါထဲမှ ထုတ်နှုတ်ဖယ်ရှားပေးမည်ဖြစ်ပါသည်။ထိုသို့ဖယ်ရှားလိုက်ကြောင်းကို ကျွန်ုပ်တို့ဝက်ဆိုဒ်၏တာ၀န်ရှိ၀န်ထမ်းမှ လူကြီးမင်းထံသို့ SMSဖြင့်သော်လည်းကောင်း၊ဖုန်းဆက်၍သော်လည်းကောင်း ဆက်သွယ်အကြောင်းကြားပေးပါမည်ဖြစ်သည်။ လူကြီးမင်းကိုယ်တိုင်လည်း မိမိ၏ My Order ထဲတွင်လည်းပြန်လည်၀င်ရောက် စစ်ဆေးနိုင်ပါသည်။

၈။ အိမ်တိုင်ရာရောက်ပို့ပေးခြင်းနှင့် ငွေပေးချေမှုပြုလုပ်ခြင်း

ဝက်ဆိုဒ်တွင် အော်ဒါမှာယူသည့်အခါ လူကြီးမင်းတို့ကိုယ်တိုင် ဖြည့်စွက်ရသော အော်ဒါဖောင်တွင် ပါရှိသည့် နေရပ်လိပ်စာအတိုင်း အိမ်အရောက်ပို့ဆောင် သွားမည်ဖြစ်သည်။ အိမ်အရောက် ပို့ဆောင်ပေး မည့်အချိန်ကိုလည်း လူကြီးမင်းတို့ပစ္စည်းဝယ်ရန် အော်ဒါမှာယူပြီးသည့်နောက် အတည်ပြုပေး သွားမည်။ ဒါ့အပြင် ပစ္စည်းမှာယူသူအနေဖြင့် အထပ်မြင့်သို့ ပို့ဆောင်ရမည်ဆိုပါက သတ်မှတ်ထားသည့် အလွှာတင်ခ ပေးဆောင် ရမည်ကို နားလည် သဘောပေါက်ပါသည်။

လက်ရှိတွင် အိမ်အရောက်ပို့ဆောင်ပေးခြင်းဝန်ဆောင်မှုအား ရန်ကုန်မြို့တွင်းရှိ သက်မှတ်ထားသော မြို့နယ်(၃၀) အတွက်သာ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ဝန်ဆောင်မှုပေးသည့်မြို့နယ်များကို သိရှိလိုပါက ကျွန်ုပ်တို့ ဝက်ဆိုင်ဒ်ရှိ မြို့နယ်များရွေးချယ်ရန် ပေးထားသောနေရာတွင် ကြည့်ရှုသိရှိနိုင်မည်ဖြစ်ပြီး ဖော်ပြထားသည့် မြို့နယ်စာရင်းထဲ၌ မပါရှိသော မြို့နယ်များအား လက်ရှိ တွင် ဝန်ဆောင်မှုမပေးနိုင်သေးပါ။

ကျွန်ုပ်တို့အနေဖြင့် အိမ်အရောက်ပို့ဆောင်မည့်အချိန်အား လူကြီးမင်းတို့နှင့် သဘောတူညီထားသည့် အချိန် အရောက်ပေးပို့နိုင်ရန် ကြိုးစားပို့ဆောင်သွားမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ထိန်းချုပ်မှု့အောက် မရှိဘဲ ပြင်ပမှဖြစ်ပေါ်လာသော ပြင်ပအခြေအနေအရပ်ရပ် (ဥပမာ-ယာဥ်ကြောပိတ်ဆို့မှု) ရှိပါက သတ်မှတ် ထားသည့်အချိန် အရောက်ပို့ပေးနိုင်မည် မဟုတ်ပါ။

လူကြီးမင်းတို့မှာယူထားသောပစ္စည်း ရောက်ရှိပါက မြန်မာကျပ်ငွေဖြင့်သာ ငွေပေးချေရန် ရပါမည်။ မကြာမီ ကာလတွင် ငွေပေးချေခြင်းအတွက် ပေးချေနိုင်မည့် ရွေးချယ်မှုအမျိုးမျိုးကို ၀န်ဆောင်မှု့ပေးနိုင်ရန် ကြိုးပမ်းသွားပါမည်။

၉။ ဝယ်ယူပြီးကုန်ပစ္စည်းအား ပြန်လည်အပ်နှံပေးပို့မှု

ပေးပို့လိုက်သည့် ကုန်ပစ္စည်း၏ အရည်အသွေးနှင့်ပတ်သတ်၍သော်လည်း၊ မှာယူထားသည့် ပစ္စည်း အမျိုးအစား မှားယွင်းနေခြင်းနှင့်ပတ်သတ်၍ သော်လည်းကောင်း တစ်စုံတစ်ရာ အဆင်မပြေမှု့ရှိခဲ့ပါက ကျွန်ုပ်တို့၏ အိမ်အရောက်ပို့ဆောင်သည့် အချိန်ကာလအတွင်း၌ ကုန်ပစ္စည်းပြန်လည်အပ်နှံခြင်းနှင့် ငွေပြန်အမ်းခြင်းများကို စည်းမျဥ်းအတိုင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ သို့သော် ကုန်ပစ္စည်း ပြန်လည်အပ်နှံခြင်းအား အကျိုးအကြောင်းမသင့်လျော်ဘဲ မည့်သည့်အကြောင်းပြချက်မျှမပါပဲ လက်ခံပေး သွားမည်မဟုတ်ပါ။

လူကြီးမင်းတို့အနေဖြင့် မည်သည့်အကြောင်းပြချက်မှမရှိပဲ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအကြောင်း အရင်းတို့ကြောင့် ကုန်ပစ္စည်းအား ပြန်လည်အပ်နှံလိုပါက သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းအတိုင်း ထိုကုန်ပစ္စည်း၏ ရောင်းစျေးတန်ဖိုး၏ ၅% ကို ပြန်လည်အပ်နှံခြင်းအတွက် နှုတ်ယူသွားမည်ဖြစ်ပြီး အိမ်အရောက်ပို့ဝန်ဆောင်ခကိုပါ ပစ္စည်းမှာယူသူဘက်မှ ပြန်လည်ပေးရမည်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်တို့၏ အိမ်အရောက်ပို့ဆောင်ပေးသူသည် ပြန်လည်အပ်နှံပေးပို့မည့် ကုန်ပစ္စည်းအား သူနှင့် တစ်ပါတည်း ပြန်လည်ယူဆောင်ပေးသွားမည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် ကုန်ပစ္စည်းပြန်လည်အပ်နှံသည့်အခါ ကုန်ပစ္စည်း၏ထုထည်အကြီး/အသေးနှင့်နယ်မြေအကွာ‌ဝေးပေါ်မူတည်၍ ကုန်ပစ္စည်းပြန်လည်သယ်ဆောင်ခကို တွက်ချက်ကောက်ခံ သွားပါမည်ဖြစ်ပါသည်။

လူကြီးမင်းတို့အနေဖြင့် အခြေအနေအရပ်ရပ်များ အပေါ်မူတည်၍ မှာယူထားသည့်ပစ္စည်း ပြန်လည်အပ်နှံ လိုသည့်အခါ ‌အောက်ဖော်ပြပါ သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများကို သေချာစွာမှတ်ထားရန် လိုအပ် ပါသည်။

(က) ပြန်လည်အပ်နှံနိုင်သော ကုန်ပစ္စည်းများ

  • ပျက်စီးချို့ယွင်းနေသော ပစ္စည်းများ
  • မှာယူသည့်အော်ဒါပစ္စည်းနှင့်  မကိုက်ညီခြင်း  (ဥပမာ-  အရွယ်အစား၊  အရောင် မတူညီခြင်း)
  • အသုံးပြု၍မရသော  ကုန်ပစ္စည်းများ
  • ကုန်ပစ္စည်းဖော်ပြချက်များ  နှင့်  ကိုက်ညီမှုမရှိသော  ကုန်ပစ္စည်းများ

ကျွန်ုပ်တို့၏ ပြန်လည်အပ်နှံခြင်း စည်းမျဥ်းစည်းကမ်းများသည် လူကြီးမင်းတို့ စိတ်ဆန္ဒအလျောက် ဖြစ်ပေါ်လာသော ကုန်ပစ္စည်းအား မလိုချင်မှု၊ မလိုအပ်မှုများနှင့် သက်ဆိုင်မှု့မရှိပါ။ ဒါ့အပြင် ကျွန်ုပ်တို့ ပစ္စည်းပို့ဆောင်ပြီးနောက် လူကြီးမင်းအနေဖြင့် ပြန်လည်အပ်နှံလိုသည့် ကုန်ပစ္စည်း၏ အခြေအနေသည် ချို့ယွင်းချက်များ ပါရှိပါက ကျွန်ုပ်တို့ဘက်မှ ကုန်ပစ္စည်းပြန်လည်အပ်နှံခြင်းကိုပယ်ချခွင့် ရှိသည်။ အကယ်၍ ကုန်ပစ္စည်းပြန်လည်အပ်နှံရခြင်း အကြောင်းပြချက် ကျိုးကြောင်းညီညွတ်ပါက ကျွန်ုပ်တို့ဘက်မှ ထိုပစ္စည်းအား အမျိုးအစားတူညီသော ကုန်ပစ္စည်းဖြင့် ပြန်လည်အစားထိုးလဲလှယ်ပေးခြင်း (သို့မဟုတ်) ထိုပစ္စည်းတန်ဖိုးနှင့် ညီမျှသော ငွေပမာဏအား ပြန်လည်ပေးအပ်ခြင်းကို ပြုလုပ်ပေးမည်။

(ခ) ကုန်ပစ္စည်း ပြန်လည်အပ်နှံပေးပို့မှုနည်းလမ်း

ကုန်ပစ္စည်းအားပြန်လည်အပ်နှံသည့်အခါ ဝယ်ယူထားသည့်ပစ္စည်းနှင့် ထိုပစ္စည်းနှင့်သက်ဆိုင်သော လက်ခံရရှိ ကြောင်း ပြေစာ တို့ ကို ဓာတ်ပုံရိုက်၍ ကျွန်ုပ်တို့ Online Sale Customer Service Viber ဖုန်းနံပတ် (+95 9 777048315,+95 9 777048316) သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

လူကြီးမင်းအနေနှင့် ကုန်ပစ္စည်းအားပြန်လည်အပ်နှံသည့်အခါ ကုန်ပစ္စည်းလက်ခံပြေစာပါ ဆိုင်ခွဲတွင်သာလာရောက်အပ်နှံပြုလုပ်နိုင်ပါသည်။}လူကြီးမင်းပြန်လည်အပ်နှံသော ပစ္စည်းတန်ဖိုးအား ၅%ရာခိုင်နှုန်းနှုတ်ပီး ကျန်သောငွေပမာဏကို ထိုဆိုင်ခွဲမှာပြန်လည်၀ယ်ယူရမည်ဖြစ်ပါသည်။

လူကြီးမင်းအနေနှင့် ပြန်လည်အပ်နှံပေးပို့မည့်ကုန်ပစ္စည်းနှင့် အခြားဆက်စပ်ပစ္စည်းများ အစုံအလင်ကို မူလထုတ်ပိုးထားသည့်အတိုင်း ပြင်ဆင်ထုတ်ပိုးရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ပစ္စည်းလာရောက်သယ်ဆောင် ပေးမည့် တာဝန်ရှိဝန်ထမ်းအား စောင့်ပေးရန်လိုအပ်ပါသည်။ သို့မဟုတ် ကျွန်ုပ်တို့၏ အိမ်အရောက်ပို့ဆောင် ပေးသူမှ ထိုကုန်ပစ္စည်းအား ချက်ချင်းပြန်လည်ယူဆောင်ပေးသွားမည်။ အကယ်၍ နဂိုမူလထုတ်ပိုးမှု (သို့မဟုတ်) အခြားဆက်စပ်တွဲဖက်ပစ္စည်းများပျက်စီးနေခြင်း၊ ပျောက်ဆုံးနေခြင်းတို့ရှိခဲ့ပါက ကျွန်ုပ် တို့ဘက်မှ လက်ခံယူဆောင်ပေးမည်မဟုတ်ပါ။ ဒါ့အပြင် ကျွန်ုပ်တို့၏ တာဝန်ရှိဝန်ထမ်းမှ လူကြီးမင်းတို့ အဆင်ပြေမည့်အချိန်မှသာလျှင် ပစ္စည်းအားလာရောက် သယ်ဆောင်ပေးမည်ဖြစ်ပြီး ထိုကုန်ပစ္စည်း အစားထိုးကိုလည်း ပြန်လည်ပို့ဆောင်ပေးသွားမည်။

၁၀။ ကုန်ပစ္စည်းနှင့်သက်ဆိုင်သော အချက်အလက်များ

ကျွန်ုပ်တို့၏ အွန်လိုင်းအရောင်းဆိုင် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသော ကုန်ပစ္စည်းနှင့်သက်ဆိုင်သည့် အချက်အလက်များသည် ပြင်ပ ပစ္စည်းထုတ်ပိုးမှု နှင့် အနည်းငယ် ကွဲပြားမှု့ရှိနိုင်သည်။ ဝက်ဆိုဒ်တွင် ဖော်ပြထားသော ကုန်ပစ္စည်းများအချက်အလက်များသည် ထိုကုန်ပစ္စည်းများ၏ အသေးစိတ် အကြောင်း အရာများကို သိရှိနိုင်ရန်အတွက်သာ ဖော်ပြထားခြင်းဖြစ်သည်။ လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့ ဝက်ဆိုဒ်တွင် ဖော်ပြထားသောအချက်အလက်များကိုသာလျှင် မှီခိုအားထားမှုမပြုလုပ်ပဲ မိမိကိုယ်တိုင် ကုန်ပစ္စည်းတွင် ဖော်ပြထားသော အသုံးပြုပုံများ၊ သတိပေးချက်များနှင့် အညွှန်းစာများကို အသုံးမပြုခင် သေချာစွာ ဖတ်ရှုပေးရန် လိုအပ်သည်။

၁၁။ ကုန်ပစ္စည်းအော်ဒါမှာယူခြင်း အတည်ပြုချက်

လူကြီးမင်းတို့အနေဖြင့် ကျွန်ုပ်တို့ထံမှ ကုန်ပစ္စည်းအော်ဒါမှာယူရန် မှန်ကန်သည့် ဖုန်းနံပါတ်ကို ဖြည့်သွင်းပေး ရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့ မှတ်ပုံတင်ထားသည့် အကောင့်ထဲသို့ ကုန်ပစ္စည်းအော်ဒါ မှာယူမှုအတည်ပြုချက် အချက်အလက်များကို အီးမေးလ်မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းမက်ဆေ့ချ်မှတစ်ဆင့်ဖြစ်စေ၊ ဖုန်းခေါ်ဆိုခြင်းမှဖြစ်စေ၊ အသိပေးအကြောင်းကြားစာများကို ပေးပို့သွား ပါမည်။

၁၂။  အထူးစျေးရောင်းပွဲတော်များအကြောင်း ၊ စျေး၀ယ်ခွင့် ကူပွန် နှင့် လျှော့စျေး ပရိုမိုကုဒ်

လူကြီးမင်းတို့အနေဖြင့် PRO 1 Global Home Center မှ စီစဥ်ပြုလုပ်မည့် အထူးစျေးရောင်းပွဲ အစီအစဥ်များကို ကျွန်ုပ်တို့အွန်လိုင်းအရောင်းဆိုင်ဝက်ဆိုဒ်မှတစ်ဆင့် တိုက်ရိုက်လွယ်ကူစွာ ကြည့်ရှုနိုင်မည်။ ဒါ့အပြင် အွန်လိုင်းအရောင်းဆိုင်ဝက်ဆိုဒ်မှ ပစ္စည်းမှာယူသူများသာ ရရှိနိုင်မည့် လျှော့စျေးကူပွန်နှင့် လျှော့စျေး ပရိုမိုကုဒ်များ ကိုလည်း ရယူနိုင်မည်။ ၎င်း အထူးစျေးရောင်းပွဲအစီအစဥ်၊ စျေး၀ယ်ခွင့်ကူပွန်နှင့် လျှော့စျေး ပရိုမိုကုဒ် များသည့် အရေအတွက်အကန့်အသတ်ရှိနိုင်ပြီး သုံးစွဲမှု့သက်တမ်းပါ၀င်မည်။ ဖော်ပြပါ စျေး၀ယ်ခွင့် ကူပွန်နှင့် လျှော့စျေးပရိုမိုကုဒ်တို့နှင့် ပတ်သတ်၍ အငြင်းပွားဖွယ်ကိစ္စများဖြစ်ပေါ်ခဲ့ပါက ကျွန်ုပ်တို့ PRO 1 Global online Sale ၏ဆုံးဖြတ်ချက်သာ အတည်ယူမည် ဖြစ်သည်။

၁၃။ ဆက်သွယ်ရန်

လူကြီးမင်းအနေဖြင့် PRO 1 Global Online Sale နှင့် ပတ်သတ်၍ အကြုံပြုလိုခြင်း၊ စုံစမ်း မေးမြန်းလိုခြင်းရှိပါက ကျွန်ုပ်တို့ဝက်ဆိုဒ် https://pro1globalhomecenter.com/contact-us/ မှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Copyright @ 2022 PRO 1 GLOBAL COMPANY LIMITED