PROMO!

B.H.I 701 Winshield Gloss 5Ltr

Ks88,700

Available on backorder

Compare(ယှဉ်ကြည့်ရန်)

Product Description (ထုတ်ကုန်အကြောင်း)

♦Brand                       :B.H.I

♦Product                    :Winshield Gloss

♦Country of Origin   :Myanmar

♦Type                         :Wood Coating

♦Color                        :Teak

♦Code                        :701

♦Size                          :5Liter

ရာသီဉတုဒဏ် ခံနိုင်သောကြောင့် ပြင်းထန်စွာ နေရောင်ခြည်ဒဏ်ခံရသော နေရာများ၊ ပင်လယ်ဆားငံရေဒဏ်ခံရသော ပင်လယ်ကမ်းစပ်ရှိ အဆောက်အဉီးများ၊ ဟိုတယ်များတွင် အတွင်းအပြင် အသုံးပြုနိုင်ပါသည်။

နေအိမ်ကြမ်းခင်းများ ၊ ပြတင်းတံခါးများ၊အပူအအေးဒဏ်ခံရသည့် စားပွဲမျက်နှာပြင်များ ၊ ပရိဘောဂများ၊ မျက်နှာကျက်၊ အခန်းနံရံများ နှင့် Outdoor အနုပညာလက်ရာများ တွင် အသုံးပြုနိုင်ပါသည်။

စင်ကာပူနိုင်ငံမှ ကုန်ကြမ်းများတင်သွင်းပြီးစင်ကာပူနည်းပညာဖြင့် မြန်မာနိုင်ငံတွင်ထုတ်လုပ်သော BHI Winshield ဖြစ်ပါသည်။

—ထူးခြားသော အာနိသင်—

BHI Winshield သည် သစ်ကြောအတွင်း စိမ့်ဝင်နိုင်သောကြောင့် မျက်နှာပြင်အား အလွန်ကောင်းမွန်သော ကာကွယ်မှုကို ရရှိစေပါသည်။

ရာသီဉတုဒဏ်ကြောင့်ဖြစ်ပေါ်တတ်သော သစ်သားများ ရုန်းကန်ကွဲထွက်ခြင်းအတွက် အလိုက်သင့် ဆွဲဆန့်ညွှတ်ပြောင်းနိုင်သည့် အာနိသင်ရှိသောဆေးဖြစ်ပါသည်။

ဖီလာကဲ့သို့အရောင်ယူနိုင်ခြင်း၊ဆီလာကဲ့သို့ ဆေးသားဖြည့်တင်းနိုင်ခြင်း၊လိုက်ကာကဲ့သို့ခံနိုင်ရည်ရှိခြင်း စသည့်အာနိသင်များရှိသော ဆေးဖြစ်သောကြောင့် ဖီလာ၊ဆီလာ၊လိုက်ကာ အဆင့်ဆင့်သုံးစရာမလိုအပ်ပဲ တမျိုးထဲကို သုံးစွဲရသည့် အတွင်း အပြင် ၂ မျိုးလုံးသုံးနိုင်သော ဆေးအမျိုးအစားဖြစ်သည်။

မည်သည့်ဆေးအုပ်စု အမျိုးအစားပေါ်တွင်မဆို ထပ်သုတ်ပြုပြင်နိုင်သည့် ဆေးအမျိုးအစားဖြစ်သည်။(ဓာတ်မတည့်၍ ကြွခြင်း ၊လောင်ခြင်းမရှိပါ)

—ဖျော်စပ်ပုံ—

Winshield    +    803 Thinner

၁၀ ဆ           +     ၂ဆ

—အသုံးပြုပုံ—

BHI Putty (ပတ်တီး) ဖြင့် အပေါက်များ ၊ အနာများကိုဖာပါ။

အခြောက်ခံပါ။ ကော်ပတ်( P 60/80/150) ဖြင့်စားပါ။

ဖျော်စပ်ထားသော ဆေးကိုစုတ်တံ ၊ရိုလာ၊ Spray gun တို့ဖြင့် အသုံးပြု၍သုတ်ပါ။

ဆေးသားခြောက်သွေ့ချိန် *၆* နာရီအထက်။

အပြောင်အတွက် P-320 နှင့် ကော်ပတ်စားပြီးသန့်ရှင်းရေးလုပ်ပါ။

ဆေးသား လိုအပ်သလို ၃ ထပ်မှ ၅ထပ်အတွက် အခြောက်ခံကော်ပတ်ရှပ်၍ လိုအပ်သော ဆေးသားထုရရှိသည့်အထိအသုံးပြုနိုင်ပါသည်။

မိမိလိုချင်သော color ( အရောင်) ရရှိပြီး ဆေးသားလိုအပ်ပါက (သို့) လိုက်ကာအဖြင့်အသုံးပြုလိုပါက( Clear Gloss, Clear Matt, Clear 100% Matt) တို့ကို ဆေးသားထုရရှိသည့်အထိ သုတ်နိုင်ပါသည်။

တကျင်းလျှင် ဆေးသားစပ်ပြီး 1000 CC ခန့် ကုန်ကျနိုင်ပါသည်။ ( တစ်ကုတ်)

PRO 1 Global Home Center မှ အရည်အ​သွေးကောင်းမွန် သော ပစ္စည်းများကိုသာ ပစ္စည်းမှန်စျေးနှုန်းမှန်ကန်စွာ ရောင်းချသဖြင့် ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ပါသည်။

Additional information (အခြား အချက်လက်များ)

Weight 5 kg

Reviews (ရီဗျူးများ)

There are no reviews yet.

Be the first to review “B.H.I 701 Winshield Gloss 5Ltr”

တွဲဝယ်သင့်သော ပစ္စည်းများ …