စျေးဝယ်ပြီး ပြန်လာတိုင်း လုပ်ဆောင်သင့်သည့် လုပ်ဆောင်ချက်(၅)မျိုး

စျေးဝယ်ပြီး ပြန်လာတိုင်း လုပ်ဆောင်သင့်သည့် လုပ်ဆောင်ချက်(၅)မျိုး
(၁). ဘာမှမကိုင်ခင် လက်ဆေးပါ။
(၂). သယ်ယူလာတဲ့ ကြွပ်ကြွပ်အိတ်ကို စနစ်တကျစွန့်ပစ်ပါ (သို့မဟုတ်) စျေးခြင်းတောင်းကို ပိုးသတ်ဆေးဖြန်းပါ။
(၃). ထုပ်ပိုးထားတဲ့ အစားအသောက်တွေကို ဆေးဖြန်းပါ။
(၄). အထုပ်တင်လိုက်တဲ့နေရာကို ပိုးသတ်ပါ။
(၅). လက်ပြန်ဆေးပါ။
သင့်မိသားစု သင့်ပတ်ဝန်းကျင်အတွက် သင်မှစ၍ကာကွယ်ပါ။
________________________________________
“မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေး နှင့် အိမ်အသုံးအဆောင်ပစ္စည်းအရောင်းစင်တာ”
PRO 1 Global Home Center Myanmar
“One Place, Get All”
________________________________________

ကြိုတင်ကာကွယ် Covid-19 Virus အန္တရာယ်

ကြိုတင်ကာကွယ် Covid-19 Virus အန္တရာယ်
၁။ တတ်နိုင်သမျှ အိမ်မှာပဲနေပါ။
အလုပ်ကိစ္စနှင့် အရေးပေါ်ကိစ္စများမှလွဲ၍ အပြင်မထွက်ပါနှင့်။
အပြင်ထွက်လျင်လဲ Mask, Hand Gel, Face Shield, လက်အိတ်များဆောင်ပါ၊ အသုံးပြုပါ။
၂။ ဘယ်သွားသွား Maskတပ်ပါ။ အသုံးပြုပြီးသား Maskကို စနစ်တကျ စွန့်ပစ်ပါ။
အပြင်ထွက်တဲ့အခါ Mask ကိုစနစ်တကျဝတ်ဆင်ပါ။ Mask ကိုတပ်စဉ်ထားစဉ် လက်ဖြင့်လုံးဝမကိုင်ပါနဲ့။ အနောက်ဖက်ကြိုးကိုသာ ကိုင်တွယ်ပြီးဖယ်ပါ။ စနစ်တကျ အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။ Mask ကိုကိုင်ပြီး လက်ကို စနစ်တကျဆေးကြောပါ။
၃။ လက်ကိုမကြာခဏ ဆေးကြောပါ။
Hand Gel (သို့) ဆပ်ပြာဖြင့် စက္ကန့်၂၀ကြာအောင် ဆေးကြောပါ။
၄။ လူစုလူဝေးရှောင်ရှားပါ။ အနည်းဆုံး ၆ပေကွာအောင်နေပါ။
လူစုလူဝေးနှင့် လူနေထူထပ်သော နေရာများကို သွားလာခြင်းမှ ရှောင်ကြဉ်ပါ။ တစ်ယောက်နှင့်တစ်ယောက် အနည်းဆုံး (6ပေ) အကွာမှာနေပါ။ မဖြစ်မနေအပြင်သွားရလျှင် Mask တပ်ပါ။ ဖြစ်နိုင်ရင် အိမ်မှာနေပါ။
၅။ နေ့စဥ်အသုံးပြုနေသော ဖုန်း၊ မျက်မှန်၊ အစရှိသည့် အရာဝတ္ထုများကို ပိုးသတ်ပြီးမှ အသုံးပြုပါ။
နေ့စဥ်အသုံးပြုနေသော ဖုန်း၊ မျက်မှန်၊ ကွန်ပျူတာ နှင့် နေ့စဥ်အသုံးပြုသောပစ္စည်းများကို ပိုးသတ်ပြီးမှသာ အသုံးပြုပါ။
၆။ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းတို့ကို လုံခြုံစွာ ဖုံးအုပ်ပါ။
နှာချေ၊ ချောင်းဆိုးတိုင်း နှာခေါင်းနှင့်ပါးစပ်ကို တစ်ခါသုံးတစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံအောင်ဖုံးအုပ်ပါ။ အသုံးပြုပြီးသား တစ်ရှူးကို အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။
ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အနံ့မရခြင်း၊ အားအင်ကုန်ခမ်းခြင်း စတဲ့ရောဂါ လက္ခဏာများဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ပြီး ကုသမှုခံယူပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်သော သတင်းများကို အမြဲမပြတ်နားထောင်ပါ။